မူရတ်ကျင့်ဝတ်စည်းမျဉ်း / Murad Code in Burmese

ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်စဉ်က ရရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော ဆွေးနွေးတင်ပြချက်များနှင့် အကြံပြုချက် မြောက်များစွာအပေါ် အခြေခံ၍ မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) မူကြမ်းကို နှံ့စပ်သေချာစွာ ပြန်လည်စိစစ် သုံးသပ်မှုများနှင့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ပြင်ဆင်ချက်မူကြမ်းများ နှင့်ပတ်သက်၍ အသက်ရှင်ကျန်ရစ်သူများနှင့် အခြားကျွမ်းကျင် ပညာရှင်များထံမှ စာဖြင့်ရေးသားထားသည့် ပြန်လည်စိစစ် သုံးသပ်ချက်များကို ရယူခြင်းဖြင့်လည်းကောင်း၊ ၎င်းတို့နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် လည်းကောင်း အဆိုပါ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ရလဒ်အနေဖြင့် “လက်တွေ့ကျင့်သုံးနိုင်သော” မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) ထွက်ပေါ်လာခဲ့ပြီး ၎င်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ထွက်ရှိခဲ့သော မူရတ်ကျင့်ဝတ်စည်းမျဉ်းမူကြမ်း ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် ၂၀၂၀၊ ဇွန်လမှစ၍ လက်ခံရရှိခဲ့သော အဆိုပါမူကြမ်းအပေါ် သုံးသပ်အကြံပြုချက်အကျဉ်းချုပ်နှင့် အကြံပြုချက်အပြည့်အစုံ တို့ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

“လက်တွေ့ကျင့်သုံးနိုင်သည့်” မူရတ်ကျင့်ဝတ်စည်းမျဉ်း (“စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ (SCRSV)” မြန်မာဘာသာကို အောက်တွင်ဖော်ပြထားပါသည်။ ဤကျင့်ဝတ် စည်းမျဉ်းသည် မွန်းမံဆဲ စာတမ်းတစ်ခုဖြစ်ပြီး SCRSV နှင့်ပတ်သက်သော အချက်အလက်များကို လုံခြုံမှု၊ ထိရောက်မှုနှင့် ကျင့်ဝတ်နှင့်ကိုက်ညီမှုရှိစွာ ရယူစုဆောင်းခြင်းနှင့် ပတ်သက်သည့် အနိမ့်ဆုံးစံနှုန်းများကို အမြဲထင်ဟပ်မှု ရှိစေရန် ပုံမှန်ပြန်လည် စိစစ်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ 

မူရတ်ကျင့်ဝတ်စည်းမျဉ်း အာရပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာ ဘာသာပြန်ဆိုချက်များကိုလည်း ဤဝဘ်ဆိုဒ်စာမျက်နှာ အပေါ်ဆုံးရှိ drop-down menu တွင်ဖော်ပြထားသည့် ဘာသာပြန်စာတမ်းများ စာရင်းတွင် ရယူနိုင်ပါသည်။ 

မူရတ်ကျင့်ဝတ် မြန်မာဘာသာ အပြည်အစုံကို ဒေါင်းလုပ်ရယူပါ။ 

PDF ဖိုင်ဒေါင်းလုပ်ရန်။ Microsoft Word ဖိုင်ဒေါင်းလုပ်ရန်။